စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်အဖွဲ့ အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်း မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ တတ်ရောက်သစ်ပင်စိုက်ပျိုး

သာပေါင်း ဩဂုတ်လ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာရှိ အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်း၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ကြသည်။

အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်း မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်‌ထောင်စု ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးတင်အေး၊ အဆင့်မြင့် စက္ကူစက်ရုံ သာပေါင်း စက်ရုံမှူးဦးသိန်းဇော်ဦးနှင့် အရာရှိများ၊ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းတို့က  ကွက်ပြင်ကျေးရွာအုပ်စု၊ ကျင်းကြီးကျေးရွာအနီး အဆင့်မြင့်စက္ကူစက်ရုံပိုင် ကုန်ကြမ်းစိုက်ခင်းတွင် မဟော်ဂနီ ပျိုးပင်များနှင့်မန်ဂျန်ရှား ပျိုးပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း(ပြန်/ဆက်)