နမ္မတူ ဩဂုတ် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက မြို့နယ်တွင်းရှိ ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်းနှင့် လီဆူ (IDP)စခန်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ရည်ရွယ်ချက်၊ အမျိုးသားအဆင့်ကော်မတီများ၊ ပြည်နယ် အဆင့်ကော်မတီများ၊ မိသားစုဘဝ တည်ငြိမ်အေးချမ်းဖို့ မိမိရပ်ရွာပြန်ကြစို့၊ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ဦးစားပေးအဆင့်အလိုက် အထောက်အပံ့များ စသည့်အကြောင်းအရာများ ဆောင်ပုဒ်များပါဝင်သော ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေးလက်ကမ်းစာစောင် (၁၀၀) စောင်အား တိုက်ပွဲရှောင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)