ဆီဆိုင် ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာအတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဘွားက ကျေးရွာရှိဒေသခံပြည်သူများနှင့်အတူ တဘက်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ အတွင်း လမ်းအရှည်ပေ ၉၀၀၊ အနံ ၂.၅ ပေ(၂ဖက်)၊ အမြင့် ၇ ပေရှိ ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် တဘက်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာမှ အိမ်ခြေ(၈၅)စု၊ လူဦးရေ(၄၆၇)ဦးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)