ရမည်းသင်း ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)မြို့မ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့မအထက်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၅)မြို့မ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်က လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာဟောပြောပွဲ ပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ လူကုန်ကူးခံသူများ ပြန်လည်လက်ခံခြင်းနှင့် မိဘရပ်ထံပြန်လည် အပ်နှံခြင်း၊ လူကုန်ကူး ခံရသူများအား နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့် သက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရာတွင် ပြည်သူများမှ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေကြစေရန် စသည်တို့ကို ရှင်းလင်းဟောပြောကာ ခရိုင် (ပြန်/ဆက်)ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူ (၃၀၀)ဦး ကို လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့မအထက်တန်းကျောင်း၊ ဓမ္မာရုံအတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံစာစောင်၊ ဓါတ်ပုံ ပြပွဲနှင့် စာအုပ်၊စာစောင်များ ပြသရာ ကျောင်းသား၊ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မှတ်သားထားကြကြောင်း သိရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)