ရှမ်းပြည်နယ်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နမ့်ဆန်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်ကော်မရှင်ရုံးသို့ လိုက်လံကြည့်ရှု

နမ့်ဆန်  ဩဂုတ် ၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်၊ အဖွဲ့ဝင်ဦးစောလွင်၊ ဗိုလ်မှူးကျော်ညီညီသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးတင်ထွန်းလင်း၊ မြို့နယ်မှူး ရဲမှူးမောင်မောင်သန်းတို့က ယနေ့နံနက် (၁၁)နာရီ အချိန်တွင် မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး မြို့နယ် ဆရာဝန်ကြီးဒေါက်တာစိုင်းစိုးဟိန်းက ဆေးရုံတွင် လူနာများ လာရောက်ကုသမှုအ‌ခြေအနေ၊ ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုနှင့် ပုံမှန်ကာကွယ် ဆေးထိုးမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက လိုအပ်သည်များကို မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ရောက်ရှိရာ မဲစာရင်းအမည်များကို ကွန်ပျူတာဆော့ဝဲလ်အတွင်း ထားရှိမှုအခြေအနေနှင့် မဲစာရင်းအမည် ကောက်ယူမှုအခြေအနေများကို ဒေသရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစောအောင်၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင် ဦးစီးအရာရှိ ဦးစိုင်းဝင်းထွဋ်အောင်တို့က ရှင်းလင်းတင်ပြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မဲစာရင်းများမှန်ကန်မြန်ဆန်ရေးအတွက် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ ပြန်/ဆက်