မန်တုံမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဝက်များ ဖြန့်ဖြူးပေးအပ်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မွေးမြူရေးဘဏ်စနစ်အရ ဒေသဝက်များ ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မန်ပွန်း(က) ကျေးရွာအုပ်စု၊ နမ့်ယန်းကျေးရွာ၊ ဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။