ကလော ဩဂုတ် ၂
ကျေးလက်နေ တိုင်းရင်းသူလေးများအား အခြေခံအချုပ်အလုပ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပညာရပ်များသင်ကြားတတ်မြောက်ပြီး မိမိတို့ရပ်ရွာဒေသအတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်များ ဆောင်ရွက်ခြင်းဖြင့် မိသာစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု၊ ကန်ပြင်ကျေးရွာတွင် ကလောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကန်ပြင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်သောင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများကသင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် နောကန်ပြင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတို့မှ သင်တန်းသူ(၂၀)ဦးတို့ကို သင်တန်းကာလ (၁)လကြာ စာတွေ့လက်တွေ့အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)