ရေးမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်အခွင့်အရေး၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရေး ဩဂုတ် ၂

မွန်ပြည်နယ် ရေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေး၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မိုင်း အန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျင်ငွေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီထွေးက ကျောင်းသား/သူများ ကိုယ်တိုင် သိရှိ နားလည်သင့်သည့် ကလေးသူငယ် အခွင့်အရေးများ၊ လူသားတို့၏ ရန်စွယ် မူးယစ်ဆေးဝါးအန္တရာယ် ကြီးမားပုံအကြောင်းများ၊ လူကုန်ကူးမှု အန္တရာယ်များနှင့် မိုင်းအန္တရာယ် အသိပညာပေး အကြောင်းများကို ဟောပြောခဲ့ပြီး ဆက်လက်၍ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးရှင်းသန့်ကိုမှ ကြိုတင် ကာကွယ် သဘာဝဘေးအန္တရာယ် အကြောင်းများကို ဟောပြောခဲ့ပြီး ကျောင်းသား/သူများအား ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းပြီး လက်ဆောင်ပစ္စည်းများ၊ အာဟာရမုန့်များကို ပေးအပ်ခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် ကလေးသူငယ် အခွင့်အရေး လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရေး (ပြန်/ဆက်)