သိန္နီ သြဂုတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူနှင့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းများကို ပန်းခင်းစီမံချက်(၂) ဖွင့်ပွဲအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ သိန္နီမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ(၃)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ(၇)ဦးနှင့် အိမ်ထောင်စု(၅)စုအား အိမ်ထောင်စုဇယားထုတ်ပေးခဲ့ကြောင်း သိရသည်။ သိန္နီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)