မင်းလှ ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးရွာသွန်းမှုနည်းပါး၍ မိုးစပါးစိုက်ခင်းများအတွင်း ရေလုံလောက်စွာမရရှိအတွက် အင်ကြင်းကုန်း အုပ်စု၊ အင်ကြင်းကုန်းကျေးရွာရှိ တောင်သူ ဦးညိုဝင်း၏ လယ်မြေ (၉) ဧက၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော GW-11 မိုးစပါးစိုက်ခင်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံကူညီမှုဖြင့် Mobile Solar Pump ဖြင့် ရေတင်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ Mobile Solar Pump စက်ဖြင့် ရေတင်ပေးခြင်းလုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်တို့က ကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)