တာမွေမြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထပ်မံထိုးနှံ

တာမွေ ဩဂုတ်

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီး နိုင်စေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ဝင်းအတွင်းရှိ စာကြည့်တိုက်ခန်းမ၌ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အဆိုပါ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း (၃၀၀)ဦးကို COVIDSHIELD အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အခုထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးတဲ့နေရာမှာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝန်ထမ်းများသာမက ၎င်းတို့ရဲ့ မိသားစုဝင်တွေကိုပါ ထိုးနှံပေးလျက်ရှိပါတယ်။ ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇပြောင်းမျိုးကွဲတစ်ခုအနေဖြင့် ပြန်လည်တွေ့ရှိလာသဖြင့် ကျွန်တော်တို့  အားကစားနှင့် ကာယ ပညာသိပ္ပံ(ရန်ကုန်)တွင်လည်း ကိုဗစ်-၁၉ ရောဂါ တစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေအပြင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ဒီမှာရှိတဲ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့အတွက် အသိပညာပေး လုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်ဟု အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ()ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံရန် ကျန်ရှိနေသေးသူများ ကိုလည်း ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)