ဒဂုံတက္ကသိုလ်ရှိ တက္ကသိုလ် ဆရာ၊ ဆရာမကျောင်းသား/သူများနှင့် ဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် Booster (Covishield) ဆက်လက်ထိုးနှံ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်ရှိ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield)အား ဒဂုံတက္ကသိုလ်ကျောင်း၌ ယနေ့နံနက်ပိုင်း အချိန်က ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။