မြစ်ကြီးနား သြဂုတ် ၃
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နှစ်(၅၀)ပြည့် ရွှေရတု တိုင်းနှစ်ပတ်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ပြည်နယ်အစိုးရအဖွဲ့၏ (၆)လပတ် ကာလအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုးတက်မှုအခြေအနေများအား စိစစ်သုံးသပ်အတည်ပြုဆွေးနွေးပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နှစ်(၅၀)ပြည့်ရွှေရတု တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိစစ်သည်၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် အတူ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးက တိုင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားခဲ့ကာ စစ်ရေးပြအစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များနှင့် တိုင်းစစ်သမိုင်းပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အလားတူ တိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့်ရွှေရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စိုက်ပျိုး/ မွေးမြူရေး အကောင်းဆုံးဆု၊ နံရံကပ် စာစောင်ပြိုင်ပွဲဆု၊ အားကစားထူးချွန်ဆုများ၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရဖွဲ့၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ (၆)လပတ်ကာလအတွင်း ဆောင်ရွက်လျက် ရှိသော လုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုးတက်မှုအခြေအနေများအား စိစစ်သုံးသပ် အတည်ပြုဆွေးနွေးပွဲကို မွန်းလွဲ (၂)နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီရုံးမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ (၆)လပတ်ကာလ လုပ်ငန်းဆောင်ရွက် ချက်နှင့် တိုးတက်ဆောင်ရွက်နိုင်မှု အခြေအနေများကို တင်ပြရန် ညွှန်ကြားလာမှုအပေါ် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် (၆)လတာကာလ အတွင်း ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများကို အပြည့်အစုံ ထည့်သွင်းတင်ပြနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့်လည်း ပြည်နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်း များအားလုံး လိုက်နာဆောင်ရွက်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း မှာကြား သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက် အပေါ် ပြုစုတင်ပြသွားရမည့် လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာန/အဖွဲ့အစည်းများအလိုက် (၆)လတာ ကာလအတွင်း ပြည်နယ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် စပ်လျဉ်း၍ Power Point ဖြင့် အစီရင်ခံတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက တာဝန်ယူဆောင်ရွက်ရသည့် ဝန်ကြီးဌာနများအလိုက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို သုံးသပ် ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြီးပြည့်စုံအောင်၊ ဆောင်ရွက်မှုများအားလုံး ပါဝင်အောင် ပြုစုတင်ပြနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)