စမ်းချောင်း သြဂုတ် ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက GIS စနစ်ဖြင့် ရပ်ကွက် တည်နေရာ Point စတင်ကောက်ယူခြင်းကို ယမန်နေ့မှစတင်၍ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
GIS စနစ်နဲ့ စမ်းချောင်းမြို့နယ်မှာ ရပ်ကွက်တည်နေရာ Point စတင်ရယူဆောင်ရွက်တာကို မြေနီကုန်း(တောင်) ရပ်ကွက်ကနေပြီး ဒီကနေ့စတင် ဆောင်ရွက်တာ ဖြစ်ပါတယ်၊ စမ်းချောင်းမြို့နယ်မှာက ရပ်ကွက်(၁၈) ရပ်ကွက်ရှိပြီး ရပ်ကွက်အုပ်စုအကုန်လုံးမှာ တည်နေရာ Point ထောက်ပြီးတည်နေရာ ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အခုဆောင်ရွက်တာလည်း ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းရဲ့ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးဇော်မင်းသိန်းက ရှင်းပြသည်။
GIS စနစ်ဖြင့် ရပ်ကွက်တည်နေရာ Point ရယူရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စမ်းချောင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး Point တည်နေရာရယူခြင်းလုပ်ငန်းများ အဆင်ပြေစေရေးအတွက်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ချိတ်ဆက်ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရသည်။
ခင်ငြိမ်းချမ်းဝင်း