တံတားဦး ဩဂုတ် ၃
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ၂၀၂၂-ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့နှင့်(၂၈)ရက်နေ့အထိ ဧရာဝတီ မြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့ ဝင်ရောက်ပြီး မြစ်ရေမြင့်တက်၍ ရေဝင်ရောက်မှုကြောင့် မိမိတို့နေအိမ်မှ ရေလွတ်ရာ ရေဘေးရှောင်စခန်းများသို့ ခေတ္တပြောင်းရွေ့ခဲ့ကောင်းသိရသည် ။
ယခုအခါ မြစ်ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မိမိတို့နေအိမ်သို့ ပြန်လည်ပြောင်းရွေ့ နေထိုင်ရာမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု ဆောင်ရွက်လျက်ရှိရာ တံတားဦးမြို့နယ်အတွင်း အမှတ်(၂)ရပ်ကွက်၊ ပေါက်မြိုင် ကျေးရွာအုပ်စု၊ လက်ဆောင်ယူကျေးရွာအုပ်စုငါးရာပြားကျေးရွာအုပ်စု၊ မီးသွေးတိုက်ကျေးရွာအုပ်စု၊ လက်ပန်ဇင် ကျေးရွာ အုပ်စု၊ ဘလဲ့ဘကျေးရွာအုပ်စု၊ ထောက်ရစ်ကျေးရွာအုပ်စု၊ ဈေးချိုကျေးရွာအုပ်စု၊ ဇီးပင်ကွေ့ ကျေးရွာအုပ်စုတို့ဖြစ်ပြီး ရပ်ကွက်(၁) ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၉)အုပ်စု၊ ကျေးရွာပေါင်း (၁၇)ရွာ တို့မှ အိမ်ထောင်စုပေါင်း(၃၆၂)စု၊ လူဦးရေပေါင်း(၁၄၇၂)ဦး၊ တိရစ္ဆာန်ပေါင်း(၉၃၈)ကောင်တို့အား ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်