သဲကုန်းမြို့နယ် မြို့မဈေးနှင့် စတိုးဆိုင်များ၌ လူသုံးကုန်ပစ္စည်း ရောင်းချသည့်ဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက သဲကုန်းမြို့မ ဈေးမြို့တွင်းနှင့် ရပ်ကွက်များရှိ အလှကုန်နှင့် စတိုးဆိုင်များ ရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုးတို့တွင် သတ်မှတ်ကုန် အမှတ်အသားတံဆိပ်များ ပြည့်စုံပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။