ဥတ္တရသီရိ ဩဂုတ် ၃
ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု ဆယ်သိန်းကျေးရွာ၌ ယနေ့နံနက် ၉ နာရီ မီနစ်၅၀ အချိန်က မီးလောင်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၃ မိနစ်ရေနွေးအိုး တည်ထားရမှ အပူလွန်ကဲပြီး လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ တောင်ညိုယာယီ မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ပြီး ၁၀ နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာပျဉ်ခင်း တစ်ထပ်အိမ်တစ်လုံး ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)