ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၉ မိုင်ခန့်အကွာတွင် မြေငလျင်လှုပ်ခတ်

ကျိုင်းတုံ ဩဂုတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၉ မိုင်ခန့်အကွာတွင်  ဩဂုတ် ၁ ရက်နေ့ ည ၁၀ နာရီ ၃၃ မိနစ် အချိန်က ရစ်(ခ်)တာစကေး (၅.၆)အဆင့်ရှိ အင်အား  အသင့်အတင့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေငလျင်ကြောင့် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ တင်ထပ်ကျေးရွာရှိ လူနေအိမ်တစ်လုံး၏ အုတ်စိမ်းကာ အုတ်နံရံ ၁၂ ပေပတ်လည် ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)