ကွတ်ခိုင် ဩဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၀၉:၃၀)အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မိုးအောင်ဦးဆောင်သည့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ရာ၌ အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်ကြား နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က)တွင် ကျား(၂၁)ဦး၊ မ(၃၂)ဦး စုစုပေါင်း(၅၃)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)