ဒေးဒရဲမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာခြင်းဆက်လမ်းများ ဆောင်ရွက်

ဒေးဒရဲ သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူနေမှုဘဝများ ဖွံ့ဖြိုးရေး၊ လူမှုစီးပွားများ တိုးတက်စေရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေရေးတို့အတွက် ကျေးရွာလမ်းများ၊ ကျေးရွာခြင်းဆက်လမ်းများနှင့် ကုန်ထုတ်လမ်းများကို ပြည်သူလူထုပါဝင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာလမ်းများ ဆောင်ရွက်ရာတွင်  ဘုရားချောင်းကျေးရွာအုပ်စုရှိ  ဘုရားချောင်းကျေးရွာလမ်းအား နိုင်ငံတော်မတည်ငွေကျပ်(၁၀၀)သိန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ()သိန်းဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ()ရက်နေ့ကစတင်၍ အရှည်(၈၀၀၀)ပေ၊ အကျယ်()လက်မနှင့် ထု()လက်မရှိ ဂဝံမြေနီနှင့် လမ်းခင်းသဲခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းဆောင်ရွက်ပြီးစီးပါက ဘုရားချောင်းကျေးရွာအုပ်စုအတွင်းရှိ ဘုရားချောင်း၊ ထိုင်ကူ၊ ဆင့်ကူး၊ ဝက်စု၊ ချောင်းဝကျေးရွာများနှင့် ဘိုတုတ်ကျေးရွာအုပ်စုအတွင်းရှိ ဘိုးတုတ်၊ ကုလားကွင်း၊ သဲကုန်းစု၊ ဘုရားချောင်းဝ၊ မျက်ပြဲရေကျော်ကျေးရွာ စသည့် ကျေးရွာနေပြည်သူများအနေဖြင့် ရာသီမရွေး ကုန်းလမ်းခရီးဖြင့် ဒေးဒရဲမြို့နှင့် ကျိုက်လတ်မြို့များသို့ လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်​ကြောင်း သိရသည်။

အေဇာလင်း