ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသော စာအုပ်များကို ကော့ကရိတ်မြို့ အခြေခံပညာကျောင်းစာကြည့်တိုက်များသို့ ပြန်လည်လှူဒါန်း

ကော့ကရိတ် သြဂုတ် ၃

ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့မှ ကော့ကရိတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် လှူဒါန်းထားသော သုတရသ စာအုပ်များအား ပြန်လည်ထပ်ဆင့်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ BookClub အဖွဲ့ဝင် ဒေါ်ခင်ကြူအေးက စာအုပ်လှူဒါန်းပေးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ စာဖတ်ရှိန် မြှင့်တင်ရေး လုပ်ငန်းများဖြစ်သည် Book review များ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြား သည်။

ထိုနောက် ကျောင်းစာကြည့်တိုက်များအတွက် သုတရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ကော့ကရိတ်မြို့နယ် အတွင်းရှိ အထက(၁)၊ အထက(ဝင်းကြီး)၊ အထက(ချောင်းတောင်)၊ အထက(တောင်ပေါ်ရပ်) ကျောင်းစာကြည့်တိုက်များအတွက် တစ်ကျောင်းလျှင် သုတ ရသ စာအုပ်(၄၀)အုပ်ဖြင့် ခရိုင်ပြန်ဆက်ဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့မှ ပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံရယူကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)