ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့်ပြီးသည့် မြို့နယ်နေ ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ ပဏ္ဍိတာရာမ မြို့ဦးကျောင်းတိုက် ဓမ္မာရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ဘဒ္ဒန္တမာနိတာလင်္ကာရ (သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ ဒီဃဘာဏက) မဟာထေရ် ဆရာတော်ကြီးသက်တော် (၇၁)နှစ်၊ သိက္ခာတော် (၅၁)ဝါ၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်ကျင်းပ

ပုသိမ်မြို့ အမှတ်(၂) ရပ်ကွက်၊ နိဂြောဓာလမ်း၊ မောင်းထောင်ပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်စာချ ကထိကဆရာတော် လဇ္ဇီပေသလ၊ သိက္ခကာမ၊ ဝိနယဂရုက ဖြစ်တော်မူသော

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ  First dose၊  Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၌  ဆက်လက်ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ GIS စနစ်ဖြင့် ရပ်ကွက်တည်နေရာ Point ကောက်ယူဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက GIS စနစ်ဖြင့် ရပ်ကွက်တည်နေရာ Point စတင်ကောက်ယူခြင်းကို ဩဂုတ် ၂ နေ့မှ စတင်၍ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် အခြေခံပညာကျောင်းများ၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးခြင်းအစီအစဉ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် လူမှုန်ထမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ အသိပညာပေးခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိရာ အ.ထ.က(မြို့မ) ကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးခြင်းအခမ်းအနားကို ဟောပြောဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေးလုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များအား တွေ့ဆုံညှိနှိုင်းအစည်းဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျောက်မီးသွေးလုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ

မုံရွာခရိုင်နှင့် မြို့နယ်များရှိ စိုက်ပျိုးရေးဝန်ထမ်းများ သုတေသနစိုက်ခင်းနှင့် မှိုစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းနှင့် ပြပွဲသို့  သွားရောက် လေ့လာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး ဓါတ်ခွဲခန်းရုံးအတွင်း နေကြာသီးနှံကို ဓာတ်မြေဩဇာ နှုန်းထားအလိုက် ထည့်သွင်းခြင်း၊ မြေကြီးအတွင်း အာဟာရဓာတ်ဖြည့်တင်းမှု လိုအပ်ချက်ကို သိရှိနိုင်ရန်၊ ဝါသီးနှံကို စိုက်ချိန်အလိုက် တစ်လစီခြား၍ စိုက်ပျိုးခြင်းဖြင့် မည်သည့် အချိန်တွင် စိုက်ပျိုးပါက အထွက်နှုန်းအပေါ် တုန့်ပြန်မှု အကောင်းဆုံးဖြစ်မည်ကို သိရှိနိုင်ရန်၊ ဝါသီးနှံတွင် လှေး၊ ပြ၊ ဖြုတ်စိမ်းများ မကျရောက်စေရန် သဘာဝပိုးသတ်ဆေးကို ပက်ဖျန်းခြင်းဖြင့် ပိုးမွှားကျရောက်မှု မရှိအောင် ကြိုတင်ကာကွယ်နိုင်စေပြီး၊ အရည်အသွေး ကောင်းမွန်သော

ဘုရားသုံးဆူမြို့တွင် (၂လ)သားမှ (၁နှစ်)ခွဲထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ထိုးနှံ၊ တိုက်ကျွေးခြင်း ပြုလုပ်ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် ၂လမှ ၁နှစ်ခွဲ အရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ထိုးနှံ၊ တိုက်ကျွေးခြင်းကို နံနက်(၈)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။ ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်စောယုမာနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဘုရားသုံးဆူမြို့ ကြက်ခြေနီအဖွဲ့တို့ဖြင့် ပူးပေါင်း၍ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းနှင့်အညီ စနစ် တကျ လက်ခံဆောင်ရွက်လျက်ရှိပါသည်။

ကဝမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to