သာပေါင်း ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦး ကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးအမြဲမပြတ် အလေးထားဆောင်ရွက်ရန်၊ ပုံစံ ၆၆/၆ နှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရေး ပူးပေါင်းဆောင်ရွက် ရန်၊ မြို့ဝင်၊ မြို့ထွက် သန့်ရှင်းသာယာလှပရေး၊ လမ်းညွှန်ဆိုင်းဘုတ် ရှင်းလင်းဆောင်ရွက်ရန်၊ လမ်းဆုံတြိဂံ ဆေးသုတ် သန့်ရှင်းရေးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာရုံးများ သန့်ရှင်းရေးဆိုင်းဘုတ် ထင်းရှားအောင် ဆောင်ရွက် ရန်၊ လမ်းမိုင်တိုအမှတ်များ ပြင်ဆင်ဆောင်ရွက်ရန်၊ တံတားအဆင်း အတက် မြက်ရှင်းလင်းပြီး ချုံနွယ်များ ဖယ်ရှား ရှင်းလင်းရန်၊ မြို့တွင်းလျှပ်စစ်မီး သွယ်တန်းမှု စနစ်တကျရှိစေရေး ဆောင်ရွက်ရန်၊ အမြင်မသင့်သည့် ဆိုင်းဘုတ်များ ရှင်းလင်းဖယ်ရှားရန်တို့ကို ဆွေးနွေးမှာကြားပြီး ပြန်လည်ဆွေးနွေးတင်ပြမှုများအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း