ဘူးသီးတောင် သြဂုတ် ၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကျန်အေး ဉီးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်းကာ ပင့်သံဃာတော်များဖြင့် ယနေ့ နံနက်(၇)နာရီခွဲ အချိန်က ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းမှ စတင်၍ မြို့တစ်ပတ်ငါးရံ့မင်း ပရိတ်ရွက်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက အေးစေတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပင့်သံဃာတော်များဖြင့် မြို့တစ်ပတ်ငါးရံ့မင်း ပရိတ်ရွက်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ကာ အေးစေတီကျောင်းတိုက်၌ ပင့်သံဃာတော်များအား ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကာ သာသနာ့အလင်းရောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါရိန္ဒထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစီရံတိဌာတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ ဆက်)