ကျိုက်ထို ဩဂုတ် ၃
ကျိုက်ထိုမြို့နယ်၊ အိမ်ထောင်စုလူဉီးရေစာရင်းပုံစံ (၆၆/၆)အား Data Base စနစ်ဖြင့် ဖြည့်သွင်းစိစစ်နေမှု အခြေအနေများအား ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုစာရင်း ရေးသွင်းရာ၌ နိုင်-၄ ကိုယ်ရေး အချက်အလက်များကို အခြေခံကာ အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် တိကျမှန်ကန်သော စာရင်းများ ရရှိနိုင်ရေးအတွက် အိမ်ထောင်စု လူဉီးရေစာရင်း(၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် Database ထည့်သွင်း ရိုက်ကူးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုံစံ( ၆၆/၆) အချက်အလက်များကို နည်းပညာ အသုံးပြု၍ Software Program ဖြင့် Database သို့ တိုက်ရိုက်ရေးသွင်းခြင်းကို လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ကျိုက်ထိုမြို့နယ် ဉီးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများက သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ရေးသွင်းနိုင်ရေးတို့ကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့၀င်များမှ လာရောက် ကြည့်ရှုကြကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အိမ်ထောင်စု လူဉီးရေ စာရင်းပုံစံ( ၆၆/၆) (၃၇၁၄၂)အား Database သို့ ထည့်သွင်းခြင်းကို ဇူလိုင် ၁၈ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အိမ်ထောင်စုလူဉီးရေစာရင်း ပုံစံ(၆၆/၆) (၆၂၂၀)ကျော် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ကျိုက်ထိုမြို့နယ် ဉီးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး၀င်းနိုင်ထံမှ သိရသည်။
ကျိုက်ထို (ပြန်/ဆက်)