ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center)တွင် အခမ်းအနားမှူး (Master of Ceremony) သင်တန်းဖွင့်လှစ် ကျင်းပ

ဘားအံ  ဩဂုတ် ၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ အသီးသီးမှ  ဝန်ထမ်းများ မိမိတို့ ဌာနအဖွဲ့အစည်း အသီးသီးရှိ အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် အခမ်းအနားမှူးအဖြစ် ပါဝင်‌ဆောင်ရွက် နိုင်ရေးနှင့် အခမ်းအနားမှူးကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမ်းအနားမှူး (Master of Ceremony) သင်တန်းကို ပထမအကြိမ်အဖြစ် ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Center )တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်ရုံးမှ  ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ခေတ်တွင်  ဌာနဆိုင်ရာ/အဖွဲ့အစည်း အသီးသီးတွင် အခမ်းအနားများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ရာတွင် အခမ် းအနားမှူးကောင်း တစ်ဦး၌ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ တာဝန်ဝတ္တရားများကို သိရှိနားလည်စေရန် ယခုသင်တန်းတွင် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား/သူများအနေဖြင့် မေးခွန်းများမေး၍ ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက  သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းဖွင့်လှစ် မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း(၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းတွင် MC တစ်ယောက်တွင် ရှိရမည့် အရည်အချင်းများ၊ အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာ သုံးစွဲပြောကြားခြင်း၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားတစ်ခု အောင်မြင်စွာ ကျင်းပခြင်း၊ ထူးခြားသော အခမ်းအနားများ စသည့်ဘာသာရပ်များကို (၃-၈-၂၀၂၂)ရက်နေ့မှ (၄-၈-၂၀၂၂)ရက်နေ့အထိ (၂)ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)