မိုးကောင်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP နှင့် Cash For Work စီမံကိန်းဆေင်ရွက်မည့် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်

မိုးကောင်း ဩဂုတ် ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP နှင့် Cash For Work စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို အစည်းအဝေးခန်းမ၌ ဩဂုတ်(၃)ရက် နံနက်(၁၀)နာရီခွဲတွင် ကျင်းပခဲ့သည်။

ရန်ပုံငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ယခုစီမံကိန်းများ ဆောင်ရွက်ပေး ခြင်းဖြင့် ကျေးရွာများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် သကဲ့သို့ ကျေးရွာကော်မတီများမှ ကိုယ်တိုင်စီမံခန့်ခွဲ ဆောင်ရွက်ကြရသည့် စီမံကိန်းဖြစ်သဖြင့် အတွေ့အကြုံကောင်းများ ရရှိလာမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတူ ဌာနဆိုင်ရာတာဝန်ရှိသူများက Cash For Work စီမံကိန်းဆောင်ရွက်မည့် နန့်ဟိုင်၊ စေတုံ၊ ဆောင်းခါ၊ လဘန်ကထောင်၊ ကဝါးယံနှင့် ပင့်သာကျေးရွာ (၆)ရွာတို့ အား တစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း (၁၀၀)စီဖြင့် လည်းကောင်း၊ နန့်လှိုင် ကျေးရွာအား VDP စီမံကိန်းလုပ်ငန်း အတွက် ကျပ်သိန်း(၁၀၀) နှင့် Cash For Work စီမံကိန်း လုပ်ငန်းအတွက် ကျပ်သိန်း(၁၀၀)တို့ကိုလည်းကောင်း စုစုပေါင်းကျပ်သိန်း(၈၀၀) ရန်ပုံငွေပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)