မိုးနဲမြို့နယ်၌ ကျောင်းအဆင့်ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ကွင်းပိတ်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်ပညာရေးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းအဆင့်ဘောလီဘော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ကွင်းပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ကွင်းပြင်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မူးယစ်ဆေးဝါး အစားထိုး မွေးမြူရေး လုပ်ကိုင်နိုင်ရန်အတွက် ဒေသကြက်ကောင်ရေ (၁၀၀)နှင့် ဒေသဝက်(၁၀)ကောင် ထောက်ပံ့ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်နှင့် ကုသရေးဦးစီးဌာနမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ မူးယစ်ဆေးဝါးအစားထိုး မွေးမြူရေးလုပ်ကိုင်နိုင်ရန် ဒေသကြက်အကောင် (၁၀၀)နှင့် ဒေသဝက်(၁၀)ကောင်ကို  ယမန်နေ့ နံနက်ပိုင်းက စီးကျေးရွာနှင့် မလွန်စမ်းကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာ၌ အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၅၂.၁၈ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့၌ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီးကျန်းမာကြံ့ခိုင်စေရန် ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသားကျောင်းသူများဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အား ကစား ပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် မိုးကြိုးထိမှန်သူများအား ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၌ ၂၀၂၂-ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က တံတားဦးမြို့နယ် ရွှေမိုးမြေကျေးရွာ အုပ်စု ရွှေမိုးမြေကျေးရွာတွင်ယာတောထဲရှိစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့သူ၏ ကျန်ရစ်သူမိသားစုနှင့် မိုးကြိုးထိမှန်ပြီး ဒဏ်ရာရရှိ၍ ဆေးရုံတွင်အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသူတို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းခဲ့သိရသည်။

ညောင်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကြိုတင်ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၄)နယ်မြေ တိုက်ကုန်းရပ် ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အ.က.က ဝင်းကမော့‌ကျောင်း၌အသက်(၅)နှစ်နှင့်အထက် ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်ကွင်းဆင်းထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌ အေးချမ်းသာစွာပညာသင်ကြားနိုင်‌စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့်ထိုးနှံပေး လျက်ရှိကြောင်းသိရ သည်။

မတ္တရာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု(လက်သမား)သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် မိသားစုဝင်ငွေများ တိုးတက်လာစေရေး ရည်ရွယ်ချက်များဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ  ဩဂုတ် လ ၂ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင်လည်း လက်သမားသင်တန်းကို အဆိုပါရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယမန်နေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to