ဘုတ်ပြင်း ဩဂုတ် ၄
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယမန်နေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစကလေးငယ်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ) စသည့်(၅)မျိုးစပ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်လဆန်းပိုင်းမှစ၍ ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)