အ.က.က ဝင်းကမော့‌ကျောင်း၌အသက်(၅)နှစ်နှင့်အထက် ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်ကွင်းဆင်းထိုးနှံပေး

ပိုင်ကျုံ  ဩဂုတ်  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌ အေးချမ်းသာစွာပညာသင်ကြားနိုင်‌စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့်ထိုးနှံပေး လျက်ရှိကြောင်းသိရ သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စု၊ ဝင်းကမော့ကျေးရွာ  အ.လ.က ဝင်းကမော့ကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၅)နှစ်နှင့်အထက် ကျောင်းသား/သူ(၄၆)ဦးနှင့် ဆေးထိုးစုရပ် ဖြစ်သည့် အ.လ.က ကစို‌ကျောင်းတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား/သူ (၂၆၄)ဦး၊ စုစုပေါင်း (၃၁၀)ဦးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။  

‌အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ဆရာ၊ ဆရာမများနှင့်အုပ်ချုပ်ရေးမှူးများ၊  စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်းဆောင်ရွက်ပေးလျက် ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)