မလှိုင်မြို့နယ်အတွင်းရှိ သံဃာတော်များ ဝါတွင်းကာလတွင် ဆွမ်း၊ ဆွမ်းဟင်းများ ပြည့်စုံစေရန် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၅၀)တို့တွင် သီတင်းသုံးတော်မူသော သံဃာတော်များ ၊ ဝါတွင်းကာလတွင် ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်များ ပြည့်စုံမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရွှေမုဋ္ဌောဂေါပကအဖွဲ့တို့မှ ဦးဆောင်၍ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ရွှေမုဋ္ဌောဘုရားကြီး၏ အရှေ့ဖက် အာရုံခံတန်းဆောင်း အတွင်း၌ လောင်းလှူခဲ့ကြကြောင်း သိရသည် ။