ညောင်ဦး ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၄)နယ်မြေ တိုက်ကုန်းရပ် ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များ တူထပ်စွာပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်းကိုက်ခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ခြင်းလောင်းသားပေါက် လောက်လောင်းကောင်များပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့်တာယာကွင်းများအား ဝင်ရောက်နေသည့်ရေများကို သွန်ပြစ်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ညှိပေါက်ပွားနိုင်သည့် လောက်လောင်းကောင်များအား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်အတွင်းဖွင့် လှစ်ထားရှိသည့် ပုဂံ-မူကြိုကျောင်းဝင်းအတွင်း ခြင်ပေါက်ပွားနိုင်သည့်နေရာများ၊ ခြင်ရှိသည့်နေရာများအား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့၊ အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့မှ ကူညီ၍ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ်-၅ အရန်မီးသတ်သို့ အကူအညီတောင်းခံကာ ၀၉-၄၀၁၃၄၄၀၅၇၊ ၀၉၈၈၀၁၅ ၁၁၉၁၊သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်းသိရသည်။
ကိုကြေးမုံ