ရှမ်းရွာသစ် သြဂုတ် ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသားကျောင်းသူများဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အား ကစား ပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများကျောင်းစာတွင်သာမက အဖက်ဖက်တွင်ထူးချွန်သော ကလေးများဖြစ်လာစေရန် ရည်ရွယ်၍ မူလတန်းအဆင့် ကျောင်းသား/သူ(၂၀)ဦးတို့က ကဗျာရွတ်ပြိုင်ပွဲနှင့်ခုံလုပြိုင်ပွဲတို့ကို စိတ်ဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုချီးမြှင့်ပြီး အာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)