ဘုတ်ပြင်းမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယမန်နေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။