တံတားဦး ဩဂုတ် ၄
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၌ ၂၀၂၂-ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က တံတားဦးမြို့နယ် ရွှေမိုးမြေကျေးရွာ အုပ်စု ရွှေမိုးမြေကျေးရွာတွင်ယာတောထဲရှိစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့သူ၏ ကျန်ရစ်သူမိသားစုနှင့် မိုးကြိုးထိမှန်ပြီး ဒဏ်ရာရရှိ၍ ဆေးရုံတွင်အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသူတို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းခဲ့သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက အမှာစကားပြောကြား ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူ ဒေါ်အိဖြူဖြူနှင်းက လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းအကြောင်းပြောကြားရာတွင် တယ်လီဖုန်းအသုံးများအသုံးမပြုရေး၊ မိမိနေထိုင်သော ရောရာအနီးတစ်ဝိုက်တွင် မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိပါက အိမ်အတွင်း(သို့မဟုတ်) အဆောက် အအုံအတွင်းသို့ နေထိုင်ရေး၊ ကွင်းပြင်ကျယ်တွင် လူစုလူဝေးဖြစ်နေပါက အမြန်ဆုံးလူစုခွဲနေထိုင်ရေး၊ ကွင်းပြင်သို့မဟုတ် သစ်တောများထဲသို့ရောက်ရှိနေပါက သစ်ပင်များရှိနေသည့် အနိမ့်ပိုင်းသို့ ဝင်ရောက်ပြီး အကာအကွယ်ယူရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရွှေမိုးမြေကျေးရွာမှ မိုးကြိုးထိမှန်သေဆုံးခဲ့သည့် ဦးမိုးဆန်းဦး၏ ကျန်ရစ်သူမိသားစုအား ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်၊ ၎င်းကျေးရွာနေ မိုးကြိုးထိမှန်ပြီး ဒဏ်ရာရရှိ၍ ဆေးရုံတွင်အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူနေသူ ဦးမြင့်နိုင်၏ မိသားစုအား ထောက်ပံ့ငွေ(၅၀၀၀၀)ကျပ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးရဲတင့်