ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ သရုပ်ဆောင် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာရှိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဒေသန္တရ တိုက်နယ်ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိ ကြောင်း သိရသည်။