မင်းလှမြို့နယ်တွင် မူးယစ်ဆေးဝါး အစားထိုး မွေးမြူရေး လုပ်ကိုင်နိုင်ရန်အတွက် ဒေသကြက်ကောင်ရေ (၁၀၀)နှင့် ဒေသဝက်(၁၀)ကောင် ထောက်ပံ့ပေး

အထက်မင်းလှ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်နှင့် ကုသရေးဦးစီးဌာနမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ မူးယစ်ဆေးဝါးအစားထိုး မွေးမြူရေးလုပ်ကိုင်နိုင်ရန် ဒေသကြက်အကောင် (၁၀၀)နှင့် ဒေသဝက်(၁၀)ကောင်ကို  ယမန်နေ့ နံနက်ပိုင်းက စီးကျေးရွာနှင့် မလွန်စမ်းကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာပွင့်မြတ်နိုးသိမ့်က မူးယစ်ဆေးဝါး အစားထိုး မွေးမြူရေးလုပ်ကိုင်နိုင်ရန်နှင့် ဒေသခံတောင်သူများ မွေးမြူရေးလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင် မွေးမြူ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ဌာနမှ ဒေသကြက်နှင့် ဝက်များ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်းနှင့် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ် မွေးမြူလုပ်ကိုင် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ပြီး  ဒေသခံပြည်သူများ မွေးမြူထားသည့် ကြက်များအား ကြက်လည်လိမ်ကာကွယ်ဆေး မျက်စဉ်း ခပ်ပေးခြင်း ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးစန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စီးကျေးရွာနှင့် မလွန်စမ်းကျေးရွာများမှ အိမ်ထောင်စုတစ်စုလျှင် ဒေသကြက်(၁၀)ကောင်၊ ဒေသဝက် (၁)ကောင်နှုန်းဖြင့် စုစုပေါင်း ဒေသကြက်ကောင်ရေ (၁၀၀)နှင့် ဒေသဝက် (၁၀)ကောင်ကို အိမ်ထောင်စု (၂၀)စု သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)