ဝါးခယ်မမြို့ လှေကျင်းရပ်ကွက်နှင့် မြသိန်းတန်ရပ်ကွက်များသို့ ပုံစံ၆၆/၆လိုအပ်ချက်များနှင့် နိုင်ကတ်ထပ်သူများ၊ မွေးသက္ကရာဇ် မပြည့်စုံသူများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်  လှေကျင်းရပ်ကွက်နှင့် မြသိန်းတန်ရပ်ကွက်များသို့ ပုံစံ၆၆/၆လိုအပ်ချက်များနှင့် နိုင်ကတ်ထပ်သူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးရေး ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက်(၉)နာရီကကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ် စာစောင် များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  ပလောက်နယ်မြေမီးသတ်စခန်းနှင့် စာတိုက်ရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစိုးရနည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် မူးယစ်ဆေး၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယမန်နေ့မွန်းလွဲ(၂)နာရီက မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမ်းခရိုင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးချုပ်အဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

နောင်မွန်းမြို့နယ်၌ အခြေခံပညာ မူလတန်းအဆင့် မိုးရာသီကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ကလေးများ ကာယညာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက် လာစေရန်၊ အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နောင်မွန်းမြို့နယ် အခြေခံပညာ မူလတန်းအဆင့် မိုးရာသီကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီတွင် မြို့နယ်အားကစား ကွင်း၌ ကျင်းပ‌ကြောင်း သိရသည်။

ကရသူရိမြို့တွင်  အသက် (၂)လမှ (၂)နှစ်အတွင်း ကလေးငယ်များအား EPI ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ကျေးလက်ကျန်းမာရေးဌာနရုံး၌ အသက် (၂)လမှ (၂)နှစ်အတွင်း ကလေးငယ်များအား EPI ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မင်းတုန်းမြို့တွင် အသက်မွေး၀မ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်လှစ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန အကြီးအကဲများတက်ရောက်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မိုးကောင်းမြို့နယ် လွဲလောနိကာယသံဃာပဝါယဏာ ကျောင်းထိုင်ဆရာတော်များ၏ သတ္တမအကြိမ် နှစ်ပတ်လည်စုံညီအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု ပင်းဘော+ရေတွင်းကုန်း သောဘဏာရာမကျောင်း၌ လွဲလောနိကာယ သံဃာပဝါယဏာ ကျောင်းထိုင်ဆရာတော်များ၏ သတ္တမ အကြိမ် နှစ်ပတ်လည်စုံညီအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးခရိုင် အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင် အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၆)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပ ပြုလုပ်သည်။
Subscribe to