ကျိုက်လတ်မြို့နယ်တွင် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံး လပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြောင်းမြခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ခဲ့သည်။

လယ်ဝေးမြို့နယ်၊ သရက်တောပရိယတ္တိစာသင်တိုက်၌ စာအောင်သံဃာတော်များအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ သရက်တောပရိယတ္တိစာသင်တိုက်၌ စာအောင်သံဃာတော်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ကျင်းပခဲ့သည်။

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့၌ ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေ အောင်စကြာ စေတီတော်တွင် ကုသိုလ်အစုစုပြုကြသူများဖြင့်စည်ကား

ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်ရှိထင်ရှားရှိစဉ်က မေတ္တာသုတ် ဟောတော် မူကြားခဲ့သည့် ဗုဒ္ဓဘာသာ သူတော်စဉ် သူတော်ကောင်းတို့၏ အထွဋ်အမြတ်ထားရာ ယနေ့ ဝါခေါင်လပြည့် မေတ္တာအခါတော် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော် မြတ်ကြီး၌ ကုသိုလ်ကောင်းမှု အစုစုပြု၍ တရားဒေဿနာပွားများသူများဖြင့် စည်ကားသိုက် မြိုက်လျက်ရှိသည်။

ဒေးဒရဲမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အတွက် ​ရေနုတ်မြောင်းများ ဖော်ထုတ် ရှင်းလင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အမာမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား MCCT အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ MCCT အစီအစဉ်ဖြင့် အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ထောက်ပံ့ငွေပေး အပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အမာမြို့မ(၃) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်၊ နမ်ခမ်ကျေးရွာ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)၌ မူးယစ်ဆေး ဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေး​ရောဂါ ဖြစ်ပွားမှုမှကာကွယ်နိုင်​ရေး ခြင်​ဆေးဖျန်းခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်၊ အမျိုးသားပြန်လည်သန်စွမ်း​ရေး​ ဆေးရုံဝန်ထမ်းအိမ်ရာများ၌ သွေးလွန်တုပ်​ကွေး​ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်​ရေး ခြင်​ဆေးဖျန်းခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှ အခြေခံလူတန်းစားများစားသုံးဆီ ဖူလုံစေရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် အမှတ် (၅) ရပ်ကွက် ဘူတာကွင်း၌ ယနေ့နံနက် (၈) နာရီခွဲက စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to