လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကြိုတင်ကာကွယ်မှု ဆောင်ရွက်ရာတွင် ခြင်ဆေးဖျန်းခြင်း၊ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှုများကို ဆောင်ရွက်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ နှစ်စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေခံပညာကျောင်းများအား ပညာသင်နှစ်များအလိုက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမှ၌ ကျောင်းသား၊‌ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန် အားကစားပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူလေးများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးလျက်ရှိသည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ က‌လေးငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် က‌လေးများ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိ‌စေပြီး စာဖတ်စွမ်းရည်မြှင့်မား‌စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြိုင်ပွဲများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ဖြစ်သည့် သြဂုတ်လ(ဒုတိယပတ်)တွင် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းကို သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ညနေပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

စဉ့်ကူးမြို့၌ ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့တွင် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက ပြုလုပ်ခဲ့သည်။

ကွမ်းလုံမြို့၌ ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း(၃၆) ဦးတက်ရောက်ခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူ (၁၀၄၀) ဦးအား ကိုဗစ်-၁၉  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်း၊ရေစက်ရုံနှင့် စင်မြင့်ရေစင်များတည်ဆောက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ   ကျေးရွာပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး လိုအပ်ချက်များဖြည့်ဆည်းပေး လျက်ရှိရာ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ကုန်းကြီးကျေးရွာ၌ သောက်သုံရေးဖူလုံစွာရရှိစေရေး စက်ရေတွင်း၊ ရေစက်ရုံနှင့် စင်မြင့်ရေစင် တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

၂ဝ၂၂ ခုနှစ် ထီလာမောင်ဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အားကစားနှင့်ကာယပညာကော်မတီတို့မှ ကြီးမှူး ကျင်းပသည့် ၂ဝ၂၂ ခုနှစ် ထီလာမောင်ဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ပေါက်ချောင်းကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to