အမာမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား MCCT အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ်

အမာ ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ MCCT အစီအစဉ်ဖြင့် အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ထောက်ပံ့ငွေပေး အပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အမာမြို့မ(၃) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)အတွက် MCCT အစီအစဉ်ဖြင့် အကျိုး ခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲတွင် အမာမြို့၊ မြို့အုပ်ချုပ် ရေးမှူးဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ငွေကြေး ထောက်ပံ့မှုနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီးနောက် မြို့မ(၃)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်(၈)ဦး၊ အသက်(၂)နှစ်အောက် ကလေးသူငယ် (၁၀)ဦးတို့အား ထောက်ပံ့ငွေ (၇၈၀၀၀၀/-)ကျပ်ကို အကျိုးခံစားခွင့်ရှိသူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို အမာမြို့၊ မြို့မ(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကိုယ်ဝန်ဆောင် မိခင်(၁၉)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၃၄)ဦးအား ငွေကျပ် (၂၂၈၀၀၀၀/-)ကိုလည်းကောင်း၊ မြို့မ(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကိုယ်ဝန်ဆောင် မိခင်(၉)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၆)ဦးအား ငွေကျပ်(၁၄၈၅၀၀၀/-)ကို လည်းကောင်း၊ မြို့မ(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကိုယ်ဝန်ဆောင် မိခင်(၃)ဦးနှင့် အသက် (၂)နှစ်အောက် ကလေးငယ် (၅)ဦးအား ငွေကျပ်(၃၆၀၀၀၀/-)ကို လည်းကောင်း တာဝန်ရှိသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အကျိုးခံစားခွင့်ရှိသူများထံ လက်ဝယ်အရောက်အသီးသီး ပေးအပ် ခဲ့ကြရာ အမာမြို့၌ ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း(၃၉)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်စုစုပေါင်း (၇၅)ဦးအား ထောက်ပံ့ငွေ စုစုပေါင်း (၄၉၀၅၀၀၀/-)ကျပ်ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)