တောင်သာ ဩဂုတ် ၁၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် အမှတ် (၅) ရပ်ကွက် ဘူတာကွင်း၌ ယနေ့နံနက် (၈) နာရီခွဲက စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီရောင်းချနေမှုတွင် တောင်သာမြို့စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးစိုးမိုးထွန်းနှင့် တောင်သာမြို့ဆီကုန်သည်ကြီးများအသင်းတို့မှကြီးကြပ်၍ ရောင်းချပေးလျက်ရှိပြီး လူတစ်ဦးလျှင် တပိဿာနှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အမှတ်(၅)ရပ်ကွက်အတွင်းရှိ အခြေခံ လူတန်းစားများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ရောင်းချရာတွင် စားအုန်းဆီ(၁)ပိဿာလျှင် (၄၂၀၀)ကျပ် နှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်း နှင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက်ရည်ရွယ်၍ ရောင်းချပေးခြင်း ဖြစ်ကြောင်းနှင့် နောက်ရက်များတွင်လည်း ကျန်သည့်ရပ်ကွက်များသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းမှ ပြောကြားချက်အရသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)