မရမ်းကုန်း သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်၊ အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံဝန်ထမ်းအိမ်ရာများ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေး ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခြင်းဆေးဖျန်းခြင်းကို မရမ်းကုန်းမြို့နယ် အဖြူရောင်ပရဟိတအဖွဲ့ဝင်များက ဆောင်ရွက်ကြပြီး အိမ်ရာများရှိ ခြင်ပေါက်ပွားနိုင်သည့်နေရာများနှင့် ခြင်ခိုအောင်းနိုင်သောနေရာများသို့ ခြင်ဆေးများ လိုက်လံဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)