မိုင်းပျဉ်းမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း ဖွင့်လှစ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက မိုင်းပျဉ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။