လောင်းလုံးမြို့နယ်တွင်  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အရောင်အသွေးခွဲခြားတတ်စေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community centre)တွင် ဥပုဒ်နေ့ကျောင်း ပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အရောင်အသွေးခွဲခြားတတ်စေရန်အတွက် ရည်ရွယ် ၍ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အသိပညာပေးဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီမှ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများရှိသလို ကလေးငယ်များ သိရှိလိုက်နာတတ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာများကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီများကို ဆက်လက်ရောင်းချပေး

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ နေထိုင်သော မိဘပြည်သူများစားသုံးဆီကို ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ စီမံဆောင်ရွက်သည့် စီစဉ်မှု၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးသန်းအေးနှင့်အဖွဲ့သည် စားသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့ သက်သာသော ဈေးနှုန်ထားတို့ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစတင်၍ အမှတ်(၂)ရပ်ကွက်အတွင်းရှိ မြေလွှာဆီ၌ ဆီ (၁) ပိဿာကို ငွေကျပ် ၅၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ဘားအံမြို့တွင် (၃၆) ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ

(၃၆)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ ဝါခေါင်လပြည့် နံနက် ၈ နာရီခန့်က ဘားအံမြို့နယ် တောင်ကလေး(ဖလုံပညာ့တဝေါင့်) နှစ်သစ်ကူးကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်ကလေးကျေးရွာ ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ လက်ပံတန်းမြို့နယ်အတွင်း မိုးစပါး အောင်ရေရှိရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး ၁၀၁၈၃၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်များထက် မိုးအနည်းငယ် လျော့နည်းရွာသွန်းခဲ့သော်လည်း လက်ရှိအခြေအနေတွင် မိုးရေပြည့်စုံ၍ မိုးစပါးစိုက်ခင်းများ ကောင်းမွန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင် တောင်ငူမြို့ရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုကာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင်သည် ယနေ့နံနက်ပိုင်း က တောင်ငူမြို့သို့ ရောက်ရှိကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တောင်ငူမြို့အတွင်း ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆွေးနွေးပွဲပြုလုပ်သည်။

မိုင်းယောင်း၌ အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အမှိုက်များကို စနစ်တကျစွန့်ပစ်စေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့၌ ကွမ်းသီးအနုသီးများ အဝယ်လိုက်ကာ ဈေးကောင်းရရှိ၍ ရောင်းချသူများ လာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့သည် စိုက်ပျိုး‌ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီးပင်သည် မေလအတွင်း၌ စတင် အပွင့်ပွင့်ပြီး အသီးကင်းနုများ စတင်ထွက်လေ့ရှိပြီး ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူခြင်းနှင့် ကြွေကျအသီးများအား လိုက်လံကောက်ယူပြီး ရောင်းဝယ်ခြင်းများရှိခဲ့သော်လည်း ယခုနှစ်များတွင် ကွမ်းသီးအကင်းအနုများ လိုက်လံဝယ်ယူမှုများရှိခဲ့ပြီး ဈေးကောင်းရရှိ၍ ကွမ်းသီးအသီးအနုရောင်းချသူ များပြားလျက်ရှိကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော‌ သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်တားဆီးရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် လူ‌နေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နေ့လယ် ၁ နာရီက ရေဖြူမြို့ (က+ခ) ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to