ဘိုကလေး ဩဂုတ် ၁၁
ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်ရှိထင်ရှားရှိစဉ်က မေတ္တာသုတ် ဟောတော် မူကြားခဲ့သည့် ဗုဒ္ဓဘာသာ သူတော်စဉ် သူတော်ကောင်းတို့၏ အထွဋ်အမြတ်ထားရာ ယနေ့ ဝါခေါင်လပြည့် မေတ္တာအခါတော် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော် မြတ်ကြီး၌ ကုသိုလ်ကောင်းမှု အစုစုပြု၍ တရားဒေဿနာပွားများသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။
စေတီတော်မြတ်ကြီးတွင် မေတ္တာသုတ်အပါအဝင် ပရိတ်၊ ပဌာန်းရွတ်ဖတ်ပူဇော်ကြသူများ၊ ဝါဆိုမြတ်သင်္ကန်း ဆပ်ကပ်လှူဒါန်းကြပြီး သီလခံယူ ဆောက်တည်ကြသူများ၊ စေတီတော် မြတ်ကြီးတွင် ဝါတွင်းအခါသမယ၌ လပြည့်၊ လကွယ်နေ့တိုင်း ကျင်းပမြဲဖြစ်သည့် ဓမ္မပူဇာ သဘင်သို့ လာရောက်ကြသူများ၊ ဘုရားဖူးပြည်သူများ၊ လိပ်စာ၊ ငါးစာ ကျွေး၍ ကုသိုလ် အစုစုပြုကြသူများဖြင့် လွန်စွာစည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)