ဒေးဒရဲ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ ဖော်ထုတ် ရှင်းလင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း ဦးဆောင်၍ ဝန်ထမ်းများက အဖွဲ့ပိုင် ယာဉ်ယန္တရားများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများအား ဖော်ထုတ်ရှင်းလင်းခြင်း၊ လူနေထူထပ်သည့် လမ်းများရှိ ယာဉ်ယန္တရား မဝင်နိုင်သည့် နေရာများအား လူအားဖြင့် ဖော်ထုတ် ရှင်းလင်းပေးလျက်ရှိကြောင်း သိရပြီး ထွက်ရှိအမှိုက်များ အားလုံးကို အဖွဲ့ပိုင် ယာဉ်များဖြင့် စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အေဇာလင်း