ဝါခေါင်လတွင်ကျင်းပလေ့ရှိသော ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဝါခေါင်လတွင်ကျင်းပလေ့ရှိသော ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို (၁၀-၈-၂၀၂၂)ရက်နေ့က ကွမ်ဘီကျေးရွာ၊ ကွမ်ဘီဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို ကွမ်ဘီကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဓါစာရ၊ ကွမ်ဘီကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လင်း၊ ကျေးရွာရပ်မိရပ်ဖ ဦးနောင်တီးနှင့် ရွာသူရွာသားများ တက်ရောက်ခဲ့ကြပါသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ‌ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်  မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4 ၊ B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့၊ အမှတ် ၄ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4 ၊ B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ကျိုက်လတ်၌ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ရောဂါကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြပါရန် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်မျိုးစိတ်သစ်” ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ကရင်သက္ကရာဇ် (၂၇၆၁)ခုနှစ် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာလိပ်ပြာ​ခေါ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရှမ်းကွင်းကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာ သစ္စာပါရမီမေတ္တာဝါရီ ဘုန်းကြီးကျောင်း တွင် ကရင်သက္ကရာဇ် (၂၇၆၁)ခုနှစ် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာလိပ်ပြာခေါ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂ဝ၂၂)သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနှင့် တိုင်းဒေသကြီးအားကစားဆပ်ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂ဝ၂၂)ကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘီးလင်းမြို့နယ်၌ ‌ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table -Top Exercise ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပိုမိုထိရောက်အောင်မြင်စွာ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် မီးသတဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် ငါးမွေးမြူခြင်းဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ငါးမွေးမြူခြင်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်သည်။
Subscribe to