မြောင်းမြခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မြောင်းမြ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန် အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မှူး ဦးလှထွဋ်ဦးမှ စားသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေး ဥပဒေ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးဆီကို ပြည်သူများ စျေးနှုန်း မှန်ကန်စွာဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်မှုများ၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန်အတွက် ဆောင်ရွက်ထားရှိမှုများ၊ တရားမဝင်တင်သွင်းသည့် စက်သုံးဆီ၊ စားသုံးဆီများကို အရေးယူဆောင်ရွက်မှုများ၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုရှိသည့် ကိစ္စရပ်များအတွက် အရေးယူဆောင်ရွက်ပေးပုံများကို ဆွေးနွေး ပြောကြားခဲ့သည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး  (Talk Show) အပါအဝင် ပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ရရှိစေမည့် ကဗျာရွတ်၊ ပုံပြင်ပြောနှင့် စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ် များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)