မရမ်းကုန်း သြဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်လမ်းညွှန်မှုဖြင့် မရမ်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ Six Winner Brother စားသုံးဆီအများပိုင် ကုမ္ပဏီလီမီတက်က ယနေ့နံနက် ၁၀ နာရီတွ င် စားသုံးသူပြည် သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင်တစ်ဦးလျှင် ဆီ၅၀သားနှုန်းဖြင့် ဆီ ၁ပိဿာ ၄၃၀၀/ ကျပ်ကို အမှတ်(၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ကျိုက်ဝိုင်းဘောလုံးကွင်း၌ ရောင်းချပေး ခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)